အိမ်မှနေ၍ ကလေးစာအုပ်များကို ဘာသာပြန်ဆိုခြင်း

အာရှဖောင်ဒေးရှင်းသည် ကလေးစာအုပ်များကို ဘာသာပြန်ဆိုပေးနိုင်မည့် တက်ကြွသောစေတနာ့ဝန်ထမ်းများကို ရှာဖွေလျက်ရှိပါသည်။ အကယ်၍ သင်သည် ဘာသာစကားနှစ်မျိုး ကျွမ်းကျင်သူဖြစ်ပြီး အင်တာနက်နှင့် စမတ်ဖုန်း၊ တက်ပလက် သို့မဟုတ် ကွန်ပျူတာရှိပါက သင့်၏ ပတ်ဝန်းကျင်ရှိ ကလေးသူငယ်များကို ပံ့ပိုးနိုင်မည် ဖြစ်ပါသည်။

စာဖတ်ကြမယ် ဒီဂျစ်တယ် စာကြည့်တိုက်မှ စာအုပ်များကို ဘာသာပြန်ဆိုခြင်းသည် လွယ်ကူပါသည်။ အောက်ဖော်ပြပါ အချက်များကို လိုက်နာ ဆောင်ရွက်နိုင်ပါသည်။

  1. www.LetsReadAsia.org ဝက်ဘ်ဆိုက်စာမျက်နှာကို သင်၏ စမတ်ဖုန်း၊ တက်ပလက်၊ သို့မဟုတ် ကွန်ပျူတာမှ တစ်ဆင့် သွားရောက်ပါ။ ပြီးလျှင် စာကြည့်တိုက်၏ ညာဘက်အပေါ်ဒေါင့်တွင်ရှိသော "translator sign in" ကိုရွေးချယ်ပါ။

  2. Google အကောင့်ဖြင့် Sign In (မှတ်ပုံတင်) လုပ်ရပါမည်။ (Google အကောင့်မရှိပါက အကောင့်အသစ်တစ်ခုကို အခမဲ့ ဖွင့်နိုင်ပါသည်။)

  3. မှတ်ပုံတင်ဝင်ပြီးသည့်အခါ ဝက်ဘ်ဆိုက်ကို မိမိနှစ်သက်ရာ ဘာသာစကားကို Language Menu (ကမ္ဘာလုံးပုံစံ အမှတ်အသား) တွင် ရွေးချယ်နိုင်ပါသည်။ ပြီးလျှင် အောက်တွင်ဖော်ပြပေးထားသော လက်ရွေးစင်စာအုပ်များကို နှိပ်၍ဖြစ်စေ၊ စာအုပ်အမည်ဖြင့် ရှာ၍ဖြစ်စေ စာအုပ်များကို ရှာဖွေနိုင်ပါသည်။

  4. စာအုပ်ကို ရွေးချယ်ပြီးပါက ပေါ်လာသော ဝက်ဘ်ဆိုက်စာမျက်နှာ၏ အောက်ကိုဆင်း၍ ဘာသာပြန်လိုသည့် ဘာသာစကားတစ်ခုမှ ဘာသာစကားတစ်ခုသို့ ရွေးချယ်ပြီး ဘသာပြန်ဆိုနိုင်ပါပြီ။ တချို့စာအုပ်များသည် ဘာသာပြန်ဆိုပြီးထားသော စာအုပ်များ တွေ့ရှိပါမည်။ တစ်ဦးတစ်ယောက်က ဘာသာစတင်ပြန်ဆိုနေမှုကို သိရှိရန်အတွက် ဝက်ဘ်ဆိုက်စာမျက်နှာ၏ အောက်ဆုံးတွင် တွေ့မြင်နိုင်ပါသည်။ ဝက်ဘ်ဆိုက်စာမျက်နှာ၏ အောက်ခြေတွင်မိမိဘာသာပြန်လိုသော ဘာသာစကားတွေ့ရှိပါက အသစ်ထပ်မံလုပ်စရာမလိုပဲ “join” ခလုတ်ကို နှိပ်ခြင်းဖြင့် ဝင်ရောက်ဘာသာ ပြန်ဆိုနိုင်ပါသည်။ အကယ်၍ သင်ဘာသာပြန်ဆိုနေသော စာအုပ်မှ ဆက်လက်၍ ဘာသာပြန်ရန်ခလုတ်မတွေ့နေပါက စာအုပ်ကို ထုတ်ဝေပြီးပြီ သို့မဟုတ် တစ်ဦးတစ်ယောက်က ဆက်လက်ဘာသာပြန်ဆိုနေသည် ဖြစ်သောကြောင့် အခြား ပုံပြင်စာအုပ် တစ်အုပ်ကို ရွေးချယ်၍ ပြန်ဆိုနိုင်ပါသည်။.

  5. ဘာသာပြန်ပြီး စာမျက်နှာများတိုင်းကို Save လုပ်ထားပါ။

  6. စာအုပ်၏ စာမျက်နှာတိုင်းရှိ ဘာသာပြန်ဆိုမှုကို “Save” သိမ်းဆည်းပြီးပါက သင့်၏ဘာသာပြန်ဆိုမှုကို တင်သွင်းရန်အတွက် ဝက်ဘ်ဆိုက်စာမျက်နှာ၏ ထိပ်တွင်ရှိသော “submit” ခလုတ်ကို နှိပ်ပါ။ ပြီးပါက နောက်ထပ်စာအုပ်ကို ရွေးချယ်၍ ဘာသာပြန်ဆိုနိုင်ပါသည်။

 

အခြားစေတနာ့ဝန်ထမ်းများနှင့် သင့်၏ ဘာသာပြန်ဆိုမှုကို ဘာသာစကားကျွမ်းကျင်သူများမှ စိစစ်ပြီး ဒီဂျစ်တယ် စာကြည့်တိုက်ပေါ်တွင် မကြာမီ ပုံနှိပ်ထုတ်ဝေသွားမည် ဖြစ်ပါသည်။

လက်ရှိ ထွက်ရှိထားသော စာအုပ်များ

ဤတစ်ပတ်တွင် ဘာသာပြန်မည့် စာအုပ်များစာရင်း ဖြစ်ပါသည်။ ဘာသာပြန်လိုသည့် ပထမဆုံးစာအုပ်ကို ရွေးချယ်ပြီး စာမျက်နှာ (၁) မှ စတင် ဘာသာပြန်နိုင်ပါသည်။

ဘာသာပြန် အရင်းမြစ်များ